အားလုးံကိုအစဉ်ခင်မင်လေးစားလျှက်

ကျောက်တန်းသားလေးဘလော့မှကြိုဆိုပါ၏
Showing posts with label တစ်နှစ်မှာ နှစ်သန်းခွဲ ၊ ဆယ့်နှစ်စက္ကန့်မှာ တစ်ယောက်နှုန်း ခြေသံ. Show all posts
Showing posts with label တစ်နှစ်မှာ နှစ်သန်းခွဲ ၊ ဆယ့်နှစ်စက္ကန့်မှာ တစ်ယောက်နှုန်း ခြေသံ. Show all posts

Thursday, April 10, 2014

တစ်နှစ်မှာ နှစ်သန်းခွဲ ၊ ဆယ့်နှစ်စက္ကန့်မှာ တစ်ယောက်နှုန်း ခြေသံ




ပိုစတာ(၁)။
ကယ်ရာမဲ့ တောင်းပန်တိုးလျှိုးသံ တစ်ကြောင်းဆွဲ စုတ်ချက်
မျက်သားပြာပြာလေးထဲ ဘာမှကို မကျန်ရှိတော့တဲ့ အနှုတ်လက္ခဏာ
အနာဂါတ်တွေ တိုးဖျော့တိမ်ဝင်သွားပုံ ဖိုးဂရောင်းနဲ့ ပိုးသားဂါဝန်မွမွလေး
နာကျင်ကြောက်ရွံ့ခြင်းများနဲ့  အထပ်ထပ်သေဆုံးခြင်း အသက်ဓါတ်
ဒီ့ထက် ပြာမိုက်စရာမရှိတော့တဲ့  ညထဲက နောက်ထပ်ညနက်ရဲ့ ပုံတူ..
၎ x အပျိုစင်
ငွေကြေးအမြောက်အများနဲ့ အပျိုစင်ညကို ဝယ်ယူကြ
အပျိုစင်ညနဲ့ ကံကောင်းခြင်းတွေကိုဝယ်ယူကြ
ကောင်းသတင်း ၊သားကောင်းရတနာ၊ လာဘ်လာဘနဲ့ ကြွယ်ဝချမ်းသာမှု…
ကံကောင်းခြင်းတွေက ဒါတွေအားလုံးကိုဆောင်ယူလာလိမ့်မယ်လို့..
သူတို့  တကယ့်ကို ယုံကြည်နေကြပေါ့..။
အခု အခန်းထဲမှာ ကျွန်မကို တစ်ညတာ ဝယ်ယူမယ့်
အမျိုးကောင်းသားကြီး ရောက်နေပြန်ပြီ
အသက်၁၀နှစ်အရွယ် အပျိုဖေါ်ဝင်ပြီဆိုတာနဲ့ ကျွန်မကို သူတို့ ရောင်းစားခဲ့ကြတာ..
တစ်ခါ ၊ နှစ်ခါ ၊ သုံးကြိမ် သုံးခါအထိ သူတို့ ဈေးကွက် သူတို့ စီမံချုပ်သီမှုနဲ့ ကျွန်မက အပျိုစင်ပါပဲ
အခုက…ကျွန်မရဲ့ ၄ ကြိမ်မြောက် အပျိုစင်ညဆိုပါတော့..။
(ကမ္ဘောဒီးယား အမျိုးသမီးငယ် ၊ကမ္ဘောဒီးယား)