အားလုးံကိုအစဉ်ခင်မင်လေးစားလျှက်
ကျောက်တန်းသားလေးဘလော့မှကြိုဆိုပါ၏
Friday, April 11, 2014
အသုံးကျသောမိန်းမနှင့် အသုံးမကျသော မိန်းမ
တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။
တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီးအမြဲပျော်ရွှင်တယ်။
တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန်ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။
ထက်မြက်တဲ့မိန်းမက လူတွေကြားမှာ ယောက်ျားကိုမျက်နှာသာပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲပြောတယ်။
တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင်လုပ်တယ်။ ယောက်ျားကိုသိမ်ငယ်စေတာဟာ ကိုယ့်ကိုသိမ်ငယ်စေတယ်ဆိုတာကို သူမေ့နေလို့ဖြစ်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထားလေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကိုပိုပေါ်လွင်စေကြောင်း သူနားလည်လို့ဖြစ်တယ်။
တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ်တောက်တောက်ပြောတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။
တုံးအတဲ့မိန်းမက ယောက်ျားရဲ့အမှားကို မလွတ်တမ်းဆုပ်ကိုင်ပြီး ယောက်ျားအကြောင်းအကုန်သိသူလို့ ကိုယ့်ကိုယ်ကိုထင်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အမှားကိုခွင့်လွှတ်ပြီး ယောက်ျားဆိုတာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ကလေးလို့ဆိုတယ်။
တုံးအတဲ့မိန်းမက "နင် ထွက်သွား!" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့မိန်းမက "ငါ့အနားက မခွာနဲ့"လို့ဆိုတယ်။
တုံးအတဲ့မိန်းမက ယောက်ျားကို မြားတစ်စင်းလို တင်းတင်းဆွဲတယ်။ တင်းတင်းဆွဲလေ ဝေးဝေးကိုရောက်လေပါပဲ။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို လေတံခွန်လို လွှတ်တယ်။ လက်ထဲက ကြိုးကို စိတ်အေးလက်အေးကိုင်တယ်။
တုံးအတဲ့မိန်းမက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။
ထက်မြက်တဲ့မိန်းမက ထောက်ပံ့၊ မှီခိုအားထားဖို့ကို ပိုနားလည်တယ်။
တုံးအတဲ့မိန်းမက ယောက်ျားအနား တဖဝါးမှမခွာ ထိန်းကျောင်းတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားအနား ခွာလိုက်၊ ကပ်လိုက်လုပ်တယ်။
တုံးအတဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိပေမယ့် ကိုယ့်ကိုယ်ကို မပြုပြင်၊ မဖီးလိမ်းချင်ဘူး။
ထက်မြက်တဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိသလို ကိုယ့်ကိုယ်ကိုလဲ ဖီးလိမ်းပြုပြင်ဖို့ မမေ့ဘူး။
တုံးအတဲ့မိန်းမက ယောက်ျားကို ဖိအားနဲ့ စိတ်ဖိစီးမှုတွေပေးတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို စိတ်အားထက်သန်မှုနဲ့ လှုပ်ရှားမှုကိုပေးတယ်။
တုံးအတဲ့မိန်းမက သူ့မျက်ရည်ကြားမှာ ယောက်ျားကိုကျရှုံးစေတယ်။
ထက်မြက်တဲ့မိန်းမက သူ့အရယ်အပြုံးကြားမှာ ယောက်ျားကိုအောင်မြင်စေတယ်။
ရိုဟင်ဂျာသမိုင်း မသိသေးသူများအတွက်
ရိုဟင်ဂျာသမိုင်း မသိသေးသူများအတွက် လူအခွင့်အရေးကို ဘန်းပြပြီး ရိုဟင်ဂျာအမည်ဖြင့် မြန်မာနိုင်ငံကို ဖဲ့ထုတ်ရန်ကြိုးစားနေကြသည်။
၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘု ရင့်နိုင်ငံတော် ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသ ရှိ ဂေါလ်ဒေ သ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန် ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက် ဦးမြို့ တည် ၍ မြောက်ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။
မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ် မှ စစ် သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါအမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်း အာရပ် မှစစ်သည်တော် မျိုးဆက်အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ ပတ်ဝန်းကျင် တွင် နေ ထိုင်ကြပါ သည်။ ယင်းတို့ကိုရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်းသား မျိုးနွယ် စု အဖြစ် အသိ အမှတ်ပြု ထားပါသည်။
ယင်းမူဆလင် ဘာသာဝင် ကမန်တို့သည် ရခိုင်ပြည် ၌ ပြဿ နာဖ န် တီးခြင်း၊ ရခိုင် တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြု လုပ်ခြင်း မ ရှိဘဲ၊ ရခိုင်ပြည်နှင့် ရခိုင် လူမျိုး အပေါ် သစ္စာရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်း စွာ နေ ထိုင် လာခဲ့ကြသော လူမျိုး တမျိုးဖြစ်သော ကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ မူဆလင် ဘာသာကိုးကွယ်သော ရ ခိုင် တိုင်းရင်း သား ကမန်လူမျိုး ရှိသည်ကိုပင်သတိပြု မိကြဖူးမည် မဟုတ်ပေ။
သို့သော် မိမိကိုမိမိ ရိုဟင် ဂျာ ဟု ကြွေးကြော်နေသူများမှာ ၁၈၂၅-နောက်ပိုင်း ရခိုင်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးမှ ၀င်ရောက် လာသော မူဆ လင် ဘာသာ ကိုးကွယ်သည့် စစ်တကောင်းတောင်းတန်းနေ ဘင်္ဂလီများသာ ဖြစ်သည်။ ၁၈၂၅- တွင် ရခိုင်ပြည် ၌ မူဆလင်ဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင် ၂၁၇၈၀၀-ရှိခဲ့ရာ ဗြိတိသျှအစိုးရက မူဆ လင်ဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေစုံစမ်းရန် ၁၉၃၉ ၌စုံစမ်းရေးကော်မရှင် တခု ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က မူဆလင်ဦးရေ အတားအဆီးမရှိ တိုးဝင်လာမှုကို မဟန့်တား ပါ က နောင်အခါ၌ လူမျိုးရေး ပဋိပက္ခများ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ အစီရင်ခံသည့် အတိုင်းပင် ၁၉၄၂-တွင် ကုလား-ရခိုင်အဓိက ရုဏ်း ဖြစ် ခဲ့လေသည်။
မောင်တောမြို့နယ်ရှိ ရခိုင်ရွာအား လုံး ဖျက်ဆီးခံရသည်။ ရခိုင်တချို့မှာ ပြည်တွင်းသို့ဝင်ပြီး၊ တချို့ မှာ အင်္ဂလိပ်ပိုင်နက် ဒိန်နာဂ်ျပူသို့ထွက်ပြေးခဲ့ကြရ သည်။ ၁၉၄၂-ဂျပန်များဝင်လာသောအခါ ရခိုင်များကို သတ်ဖြတ်ခဲ့သော ကုလားအဖွဲ့သည် ဘာသာရေးအသွင်ပြောင်းကာ ဂျမေယာတူ အိုလမာအသင်း ဖွဲ့စည်းကြသည်။ အဖွဲ့ဥက္ကဌမှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော်များ အဖွဲ့ သည် အနောက် ပါကိစ္စတန်မှ အော်လနာမူဟာမတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်း တို့ကိုခေါ်၍ မူဂျာ ဟိန်း အဖွဲ့ ဖွဲ့စည်းကြသည်။ ပါကိစ္စတန်နယ်သို့ ရခိုင်ပြည်ထည့်သွင်းရေး အစီစဉ်ပင်ဖြစ်သည်။
စစ်ရေး အရ မြန်မာစစ်တပ်နှင့် မယှဉ်ပြိုင်နိုင်သော မူဂျာဟိန်းတို့သည် အခြား တိုင်းရင်းသားများနည်းတူ အခွင့် အရေး ရလို၍ မစ္စတာဂေါ်ဖားက ရိုဟင်ဂျာဟူသော လူမျိုးသစ်တခုကို ၁၉၅၀- စက်တင်ဘာလထုတ် ဂါဒီးယန်း သတင်းစာတွင် အသက်သွင်းခဲ့သည်။ သို့သော် ၁၉၅၁- ဇွန်လတွင်ကျင်းပခဲ့သော အလယ် သံကျော် မူဆလင်ညီလာခံကမူ ရိုဟင်ဂျာမဟုတ်ဘဲ ဗမာ မူဆလင် ကဲ့သို့ ရခိုင်မူဆလင် လူမျိုး ဟု ခေါ်ဝေါ် ရန် ဆုံးဖြတ် ခဲ့ကြသည်။
ရခိုင်တို့က ငါတို့ရခိုင်တွင် မူဆလင် ဘာသာဝင် မရှိဟု ပြောလာကြသောအခါ ရိုဟင်ဂျာ ဘက်သို့ ဖေါက်ထွက်ရန် ထွက်ပေါက်ရှာ လာကြသည်။ ၁၉၆၀-ပတ်ဝန်းကျင်တွင် ရိုဟင်ဂျာ သတင်း စာ၊ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသားအသင်းထိ လှုပ်ရှားလာခဲ့ကြသည်။
၁၃၊ ၅၊ ၈၈ - နေ့က မောင်တောမြို့နယ်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကုလားလှုပ်ရှားမှုတခုဖြစ်ပွား ခဲ့ သည်။ ကုလား ၅၀၀၀၀-ခန့်သည် မောင်တောမြို့ကို အရပ်ရှစ်မျက်နှာမှ ၀ိုင်းပြီးဟစ်အော်ကြွေးကြော် မီးရှို့ သတ်ဖြတ် ရန်ချီတက်လာခဲ့ကြသည်။ လှုပ်ရှားမှုမှာ ညနေရှစ်နာရီခွဲမှ နောက် တနေ့နံနက် ၃-နာရီခွဲအထိ ကြာခဲ့ သည်။
သူတို့ ဘာသာစကားဖြင့် ဘုရားသခင် အလိုကျတိုက်ပွဲဝင်ကြ၊ မင်းတို့ တိုင်းပြည်ငါတို့ တိုင်းပြည် ဖြစ်ရမည်ဟူ၍ ဟစ်အော်ကြ သည်။ ၁၉၄၂ မတိုင်မှီက မောင်တောမြို့နယ်အတွင်း တည်ရှိ ခဲ့သော ရခိုင်ရွာပေါင်း ၁၉၅-ရွာမှာ ၁၉၉၂ တွင် ၄၆ ရွာသာ ကျန်ပါတောသည်။ ကျန်ရွာများအား မူဆလင် များက လူဦးရေအသာစီးရမှုဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ ဤသည်မှာ ရိုဟိန်ဂျာ ဆိုသူများပေါ်ပေါက်လာပုံ သမိုင်း အကျဉ်းဖြစ်သည်။
လက်ရှိအဖြစ်အပျက်များနှင့် တိုက်ဆိုင်၍ အောက် ပါ ဆောင်းပါးဖြင့် ချေ ပတင်ပြလိုက်ရပါသည်။ လိမ်လည်ခြင်းနှင့် ဟန်ဆောင်ခြင်းနောက်ကွယ်မှ ရိုဟိန်ဂျာ ဟူသောအသံသည် ၁၉၈၈ လူထုအုံ-ကြွမှုနှင့် ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း အော်ကြီးဟစ်ကျယ်ထွက် ပေါ်လာမှု နှင့်အတူ “ရိုဟိန်ဂျာအမည်ခံ” ဘင်္ဂလီမူဆလင်များ၏ စတန့်ထွင်လုပ်ဇာတ်ခင်းမှုများလည်းMedia များမှ တဆင့် ပလူပျံထွက်ပေါ်လာပါသည်၊၊
မိမိတို့၏သမိုင်းမှန်၊ ဖြစ်ရပ်မှန်များကို ဖုန်းကွယ်၍ သမိုင်းလိမ်၊ ဖြစ်ရပ်လိမ်များ အစားထိုးတင်ပြကာ “ရိုဟိန်ဂျာ” အမည်ကိုသုံး၍ လူမျိုးသစ်ဖန်တီးရေးနှင့် နိုင်ငံသစ်ထူထောင်ရေးလုပ် ငန်းများ စနစ်တကျ အကွက်ချ လုပ်ကိုင်လာကြပါသည်၊၊ မှတ်မိသလောက်၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ရိုဟိန်ဂျာအမည်သုံး၍ ရွေးကောက်ပွဲဝင်ခဲ့မှု မရှိခဲ့ပေ။ ၁၉၈၈ လူထု အုံကြွမှု တွင်လည်း ရိုဟိန်ဂျာအမည် အသုံးမပြုခဲ့ကြပေ၊၊
၁၉၉၁ တွင် မူဆလင် အများအပြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုင်းပြီး ယင်း ဘင်္ဂ လားဒေ့(ခ်ျ) ရှိ ဆင်းရဲသားများ၊ အခြေမဲ့အနေမဲ့များနှင့် ပူးပေါင်းကာ ဗမာစစ်အစိုးရ နှိပ်စက် ညှင်းပမ်း မှုကြောင့် လူ (၂၀၀,၀၀၀) ကျော်ထွက်ပြေးရကြောင်း စာရင်းပြကာ ရိုဟိန်ဂျာ အမည်ကို ကမ္ဘာကျော် အောင် နည်းမျိုးစုံ လုပ်ကြံဖန်တီးလာကြ ပါသည်။
၁၉၉၀ တွင် မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုခံထားရသော မူဆလင်များအား ရွေးကောက်ပွဲဝင် ခွင့်ပြုခဲ့သည်ကို ရိုဟိန်ဂျာအမည်ဖြင့် ရွေးကောက်ပွဲ ၀င်ခဲ့ရသလိုလို လိမ် လည် လှည့်ဖြားလာကြပါသည်။ ဘာသာရေး အစွန်းရောက် တချို့၏ ဤကဲ့သို့ လုပ်ကြံဖန်တီးမှုများ အစပိုင်း တွင်အောင်မြင် သယောင်ယောင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိမ်ကောလာပြီဖြစ်သည်။
အင်္ဂလိပ်အုပ်ချုပ်မှု လက်အောက်၌ လယ်ကူလီများအဖြစ် ရခိုင်ပြည်သို့ လာရောက်လုပ်ကိုင်လာခါစ၌ စီးပွားရေးနှင့် ဘ၀ရပ်တည်ရေး ရည်မှန်းချက်သာရှိကြသဖြင့် ဒေသခံဗုဒ္ဓဘာသာဝင် ရခိုင်များက လူသားချင်းစာနာ၍ အမှတ်မထင် လက်ခံထားခဲ့ကြသည်။ နောက်ပိုင်း ဘင်္ဂလားဒေသမှ ရခိုင်ပြည်ဘက်သို့ ယင်းဘင်္ဂလီမူဆလင်များ မတရားလိမ့် ၀င်လာမှုကြောင့် အင်္ဂလိပ်အစိုးရကိုယ်တိုင် စိုးရိမ်၍ လူဦးရေစာရင်း စစ်တမ်းများ လုပ်လာခဲ့ရသည်၊၊
ရခိုင်မြေ၌ လူဦးရေ အလုံးအရင်းဖြင့် အခြေချနေထိုင်ခွင့်ရပြီးနောက် ဘာသာရေးအစွန်းရောက်များနှင့် နယ်မြေချဲ့ထွင်ရေး မူဆလင် ခေါင်းဆောင်များ နိုင်ငံရေးဘက်သို့ ဦးတည်လှုပ်ရှား လာခဲ့ပြီး သူတို့ကို သူတို့ ဒေသခံတိုင်းရင်းသား၊ ရိုဟိန်ဂျာ များဖြစ်ကြောင်း လိမ်လည်လှည့်ဖြား တင်ပြလာကြပါသည်။ စစ်တကောင်းဒေသမှ ယင်းဘင်္ဂလီမူဆလင်များ သည် ယနေ့ ထက်ထိလည်း ရခိုင်ပြည်ထဲနည်းမျိုးစုံ ခိုးဝင်နေကြရုံသာမက မြန်မာ အာဏာပိုင်များအား လာဘ် ထိုး၍ ရခိုင်ပြည်၏ စီးပွားရေး ချုပ်ကိုင်ဖို့ကြိုးစားနေကြသည်ကိုတွေ့ရှိ ရပါသည်။
အစ ပိုင်း တွင် မြန်မာနိုင်ငံရှိ အခြား တိုင်းရင်းသားများက ရိုဟိန်ဂျာအမည်နှင့် သူတို့ နိုင်ငံရေး အရ တိုက်ပွဲဝင်မှုကို လက်ခံရန် ရခိုင်တို့အား ဖိအားပေးမှုများ ရှိခဲ့သည်။ နိုင်ငံတကာ NGO များမှလည်း လူ့ အခွင့်အရေးရှုထောင့်မှနေ၍ ရိုဟိန်ဂျာဆိုသူများအား အသိအမှတ်ပြုမှုများ ရှိလာသည်သာမက ရခိုင် တို့အားလည်း ရိုဟိန်ဂျာ အမည်နှင့် နိုင်ငံရေး အရတိုက်ပွဲဝင်မှုများကို အသိအမှတ်ပြုကာ ရိုဟိန်ဂျာဆိုသူ များနှင့် လက်တွဲ တိုက် ပွဲဝင် ရန် နည်းမျိုးစုံ ဖိအားပေးမှုများ လုပ်လာခဲ့ပါသည်၊၊
နောက်ပိုင်း မြန်မာနိုင်ငံ ဒေသခံ တိုင်းရင်း သား များ က သူတို့၏လိမ်လည်ခြင်းနှင့် ဟန်ဆောင်မှုများ ကို သိလာရသောအခါ ရိုဟိန်ဂျာအမည်နှင့်တကွ သူတို့ ၏ နိုင် ငံရေးအရ ရပ်တည် တိုက်ပွဲဝင်မှုများ ကိုပါ လုံးဝ အသိ အမှတ်မပြု ဖြစ်လာကြသည်၊၊
ယင်းရိုဟိန်ဂျာ အမည် ခံများသည် ရခိုင်ပြည်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်မှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ လှေစီးဒုက္ခသည်ပုံစံမျိုးဖြင့် အလုံးအရင်းဖြင့် ၀င်ရောက်ခြင်း များ ပြု လုပ် လျက် ယင်းနိုင်ငံများ၌လည်း လူမှုရေးနှင့် ဘ၀ရပ်တည်ရေး အပါအ၀င် နိုင်ငံရေးအရ ကြွေးကြော်တိုက်ပွဲ ၀င်မှုများ ပြုလုပ် လာကြပါသည်။
ယင်းရိုဟိန်ဂျာအမည်ခံများသည် ယခုအခါတွင် မလေးရှားနိုင်ငံ ၌ သောင်းနှင့် ချီရောက် ရှိနေပြီဖြစ်ပြီး၊ ထိုင်းနိုင်ငံ၌လည်း စနစ်တကျ ၀င်ရောက်ထိုးဖေါက် နေပြီဖြစ်သည်၊၊ ထိုင်း အစိုးရက ယင်း ရိုဟိန်ဂျာအမည်ခံများ ထိုးဖေါက် ၀င်ရောက်မှုကို စနစ်တကျ တားဆီးမှုပြု လုပ် လာသောအခါယင်းရိုဟိန်ဂျာ အရေးသည် ဒေသခံနိုင်ငံများ အား ရိုက်ခတ်လာသဖြင့် ဒေသခံနိုင်ငံများ သတိ ထား ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်။
အာစီယံ ထိပ်သီး အစည်းဝေး၌ပင် ယင်းရို ဟိန် ဂျာပြဿ နာသည် နံပါတ်(၁) နေရာရယူထားပြီး ဖြစ်သည်၊၊ ထိုင်းနိုင်ငံက အဘယ်ကြောင့် ယင်းရိုဟိန်ဂျာ ဆိုသူများအား ဒုက္ခသည်စခန်းများဖွင့်ခွင့် လက်မခံသနည်း။ အဖြေမှာ ရှင်းနေသည်၊၊ ယင်းရိုဟိန်ဂျာ အမည်ကို သုံး၍ နိုင်ငံရေးအရ တိုက်ပွဲဝင်နေသူများသည် Al-Quada အဖွဲ့နှင့် ဆက်နွယ်မှု ရှိနေသည်။ ထိုင်းနိုင် ငံ အကြမ်းဘက် လှုပ်ရှားနေသူများနှင့် ပေါင်းမိပြီး ထိုင်းနိုင်ငံ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက် လာ မည် ကို စိုးရိမ်၍ဖြစ်သည်၊၊
နိုင်ငံတကာ NGO များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ရိုဟိန်ဂျာ အမည် ခံ များအား “နိုင်ငံမဲ့များ” အဖြစ် လူသား ချင်းစာနာ ရှုထောင့်မှနေ၍ ယင်းတို့၏ နိုင်ငံရေးအရတိုက်ပွဲဝင်မှုများ အသိအမှတ်ပြုရန် ရခိုင်တို့အား ဖိအားပေးနေကြသည်ကို တွေ့ရှိရသည်၊၊ သို့သော် ယင်းဘင်္ဂလီ မူဆလင်များ အလုံးအရင်းနှင့် ၀င်ရောက်ပြီး နောက်ပိုင်းဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွါးပြီးနောက် မိမိတို့၏ ပိုင်ဆိုင်မှုနယ်မြေ၊ အိုးအိမ်များ စွန့်ခွာ ထွက်ပြေးလာကြရသော ဒေသခံ ရခိုင်များ၏ ရှေ့အနာဂတ် အရေးကို တွေးပူသည်ကိုကား မတွေ့ရှိရသေးပေ၊၊
ယင်းအဓိကရုဏ်းကာလ၌ မူဆလင် များ၏ သတ်ဖြတ် မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ရခိုင်ပြည်သူများ၊ ဗုဒ္ဓဘာသာရဟန်းတော်များ၊ မူဆလင်များ၏ မီးတိုက် ဖျက် ဆီးမှုကြောင့် ပြာကျခဲ့ရသော ရခိုင်ရွာများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ ဘာသာရေး အစွန်းရောက် ယင်းမူဆလင်များ၏ မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရသော ရခိုင်သူမများနှင့် မိမိ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေး အတွက် အမြဲတမ်းအထိတ် တလန့်ဖြစ်နေရသော ရခိုင်သူ၊ ရခိုင်သား များ၏ အနာဂတ်အရေးကို
တွေးပူစဉ်းစားမိသော NGO များနှင့် ကုလသမဂ္ဂ္ဂ အဖွဲ့အစည်းများကို မတွေ့ ဖူးသေးပေ၊၊
အကယ်၍ အိမ်နီးချင်းနိုင်ငံများ၊ NGO များ ကုလသမဂ္ဂအဖွဲ့အစည်းများက ချင့်ချိန်မစဉ်းစားဘဲ ရိုဟိန်ဂျာဆိုသူများ၏ အရေးကိုဇောင်းပေးပြီး ရိုဟိန်ဂျာအမည်နှင့် ယင်းတို့၏ နိုင်ငံရေးအရ ရပ်တည် တိုက်ပွဲဝင်မှုကို လက်ခံခဲ့လျှင် မကြာသော တနေ့၌ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ဒေသ အားလုံး ယင်း ရို ဟိန်ဂျာ အမည်ခံသူများ လက်ထဲသို့ကျရောက်သွားပြီး၊ ဒေသခံရခိုင်ပြည်သူများ အသတ်ခံရမှု၊ ရပ် ရွာ အိုးအိမ် စွန့်ခွာ ထွက်ပြေးရမှုနှင့် ရင်ဆိုင်ရမည်။
ယင်းအရေးသည် ရခိုင်ပြည်တခုလုံး၊ မြန်မာပြည် တစ် ခု လုံးနှင့် အိမ်နီးချင်းနိုင်ငံ များ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာပြီး ယင်းနိုင်ငံ၌ နေ ထိုင်နေကြသော ဒေသခံပြည်သူများလည်း ရခိုင်သားများ ကဲ့သို့ ဘေးဆိုးကြီးများနှင့် ရင်ဆိုင်ရ မည်ဖြစ် ပါကြောင်း တင်ပြ လိုက်ပါတယ်။
Credit == ရွေဝင်း
Adobe photoshop cc14 full version portable
Adobe photoshop cc14  full version လေးကို portable လေးတွေ့ လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ဘာကီးမှထည့် စရာမလိုပဲ အမြဲ တမ်းအသုံးပြုနိုင်ပါတယ်။32 bit  & 64 bit နှစ်မျိုးခွဲ ထားတဲ့ အတွက် မိမိတို့ နှစ်သက် တဲ  မိမိတို့ စက်နဲ့ ကိုက်ညီမှူရှိတဲ့ ကောင်ကိုဒေါင်းလုပ်ယူလို့ ရပါတယ်။ဖိုင်ဆိုဒ်ကတော့  660 mb ကျော်ကျော်ရှိပါတယ်။ သူ့ မှာဘာတွေပါဝင်လာသလဲဆိုတာတော
မူရင်းအတိုင်းပဲပြန်လည်မျှဝေပေးလိုက်ပါတယ်။
A more connected Photoshop
Photoshop CC is part of Creative Cloud. That means you have access to all the latest updates and future releases the moment they’re available. Use Save to Cloud to keep your files organized across multiple computers. And with Behance integration, you can share your projects straight from Photoshop CC and get immediate feedback from creatives around the world.
All-new Smart Sharpen
Rich textures, crisp edges, and distinct details. All-new Smart Sharpen is the most advanced sharpening technology available today. It analyzes images to maximize clarity and minimize noise and halos, and it lets you fine-tune for high-quality, natural-looking results.
Intelligent upsampling
Enlarge a low-res image so it looks great in print, or start with a larger image and blow it up to poster or billboard size. New upsampling preserves detail and sharpness without introducing noise.
Extended features included
As part of Creative Cloud, Photoshop gives you all the powerful image and video editing features you’ve come to expect — and it includes the advanced 3D editing and image analysis tools that were previously in Photoshop Extended.
Camera Raw 8 and layer support
Apply Camera Raw edits as a filter to any layer or file inside Photoshop, and then enhance them any way you want. And with new Adobe® Camera Raw 8, you get more precise ways to heal images, fix perspective distortions, and create vignettes.
Editable rounded rectangles
One of your most requested features is here. Now you can resize shapes, edit them, and re-edit them — before or after they’re created. Even edit individual corner radiuses in rounded rectangles. If a shape is bound for the web, export CSS data from the file to save time.
Multi-shape and path selection
Get more done in fewer clicks by selecting multiple paths, shapes, and vector masks at once. Even in multilayered documents with lots of paths, you can easily target the path (and any layer) you want right on canvas using a new filter mode.
Camera Shake Reduction
Save shots you thought were lost due to camera motion. Whether your blur was caused by slow shutter speed or a long focal length, Camera Shake Reduction analyzes its trajectory and helps restore sharpness.
Expanded Smart Object support
Apply Blur Gallery and liquify effects nondestructively thanks to Smart Object support. Your original file stays intact as you add blur effects or push, pull, pucker, or bloat the image or video. Edit or remove the effects at any time — even after saving your file.
Improved 3D painting
Live previews are now up to 100x faster and more responsive when you paint on 3D objects and texture maps. With the powerful Photoshop painting engine, you can make any 3D model look terrific.
Photoshop 14.1.2 Update (9/25/2013)
Today we released Photoshop CC update version 14.1.2 (for Creative Cloud members, Mac and Windows), resolving the following issues:
  • F5 deletes layers instead of opening Brushes panel
  • Intermittent crash using Generator
  • Issue running actions with Generate>Image Assets enabled
  • OpenGL functionality disabled on some Windows systems with both NVidia and ATI cards
download ယူရန်> 32 bit  -  link 1 ,   link 2
download ယူရန်> 64 bit  link 1  , link 2
Adobe Premiere Pro CS6 Full Version
Adobe Premiere Pro CS6 ကိုတောင်းထားလို့ပါ တဆင့်ပြန်လည် မျှဝေပေးလိုက်ပါတယ်..။
Adobe® Premiere® Pro CS6 software combines incredible performance with a sleek, revamped user interface and a host of fantastic new creative features, including Warp Stabilizer for stabilizing footage, dynamic timeline trimming, expanded multicam editing, adjustment layers, and more. Ready to switch to the ultimate toolset for video pros?
Download :
Password : www.p30download.com
How to IDM Uninstall & Install (internet download manager ကို Uninstall ပြုလုပ်ပုံနှင့် Full Version install ပြုလုပ်နည်း အဆင့်ဆင့်)
 IDM ကို Uninstall လုပ်တာ မရဘူး...
C:/Program file မှာလဲ ဖျက်လို့မရဘူး... 
Install လုပ်တာလဲ အဆင်မပြေဘူး...
Serial Key တောင်းနေတယ်..... 
ဖြုတ်လဲ မရဘူး တပ်လဲ မရဘူးး......
.....မရဘူးးးး ...... အဆင်မပြေဘူးးးး.........ဖြုတ်မရဘူးးးးးးး.......ဘယ်လိုလုပ်ရမလဲ......????
 IDM နဲ့ အဆင်မပြေပေါင်းများစွာတွေ ကြားရနေရတာနဲ့ ဒီနေ့ အပြတ်ရှင်းပေးလိုက်ပါတယ်....:P
လုပ်ပုံ လုပ်နည်းလေးတွေကို တဆင့်ချင်း ရှင်းပြနေရင် ရှုတ်သွားမှာမို့ Vedio လေးနဲ့ ရှင်းပြလိုက်ပါတယ် ...။ တခြား ဖြုတ်မရတဲ့ Program တွေ Software တွေကိုလဲ ဒီနည်းအတိုင်း ဖြုတ်နိုင်ပါတယ် ... ။ 
( Run box မှာရေးထည့် တဲ့ စာလုံးက regedit ပါ မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်..။)
ဒီဗွီဒီယိုလေးကတော့ IDM ကို ဖြုတ်ထုတ် ပုံ လေးပါ...။
စက် Restart ကျသွားမှာပါ ..။ Window ပြန်တတ်လာရင် အောက်က Video လေးထဲက အတိုင်း ဆက်လုပ်သွားလိုက်ပါ..။
ဒီဗွီယိုလေးကတော့ IDM ကိုပြန်  Install  ပြီး Full Version  ဖြစ်အောင် ပြုလုပ်ပုံပါ...။
အပေါ်က Video ထဲက  IDM Patch ကတော့ စောစောက တင်ပေးထားတဲ့ IDM v6.11 နောက်ဆုံး Update ထဲက Patch နဲ့ နမူနာ လုပ်ပြထားတာပါ .... Patch တွေက တခု နဲ့ တခု မတူကြသလို အသုံးပြုပုံချင်းလဲ မတူနိုင်ပါဘူး..။ IDM v6.11 Beta + IDM Just Double Click ကို  ဒီမှာ ထပ်ဒေါင်းယူနိုင်ပါတယ်..။ Just Double Click လေးကတော့  အပေါ်က Video ထဲကလို IDM  ကို  Uninstall လုပ်ပြီး idm 6.11.exe ဖိုင်လေးကို Click နှစ်ချက် နှိပ်လိုက်တာနဲ့ Full Version လေးဖြစ်သွားမှာပါ...။
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်....။ အဆင်မပြေတာ ရှိခဲ့ရင် Facebook Wall  ဖြစ်စေ.. Comment မှာဖြစ်စေ C-box မှာဖြစ်စေ  တနေရာရာ ကနေပြောသွားနိုင်ပါတယ်..။
IDM ကို ဖြုတ်မရ တပ်မရ Key ရှာရတဲ့  ပြဿနာ များနှင့် ထာဝရ အမြဲ ကင်းဝေးနိုင်ကြပါစေ...။
DVD Slideshow Builder Deluxe 6.1.13 Full (SlideShow ကောင်းကောင်းပြုလုပ်ချင်သူတွေအတွက်)
မိမိတို့ Photo တွေကို နှစ်သက်ရာသံစဉ်တွေနဲ့ DVD Slideshow ပြုလုပ်ချင်သူတွေ အတွက်တော့ တကယ်ကောင်းမွန်တဲ့ကောင်လေးပါ။ File Size သေးငယ်သလောက် အသုံးပြုရတာလွယ်ကူပြည့်စုံတာကြောင့်လည်း ဝါသနာပါသူတွေအတွက် ထူးထူးခြားခြား  တတ်သိနေစရာမလိုပဲ စိတ်ကြိုက် Slideshow ပြုလုပ်ဖန်တီးနိုင်ကြမှာပါ။ Slideshow ကောင်းကောင်းလိုချင်သူများ အောက်မှာဒေါင်းယူလိုက်ကြပါ..။
More Features..
Background Music
Add songs to set the proper tone of slideshow, and use the built-in trimmer to crop music and add fades.
Text Effects
Set captions to different font, size, style and color, and add shadows or more than 30+ premade text effects.
Red-eye Removal
Click and drag the mouse around the area that needs to repair red-eye, then remove red-eyes with one-click.
Transition Effects
Choose from 125+ 2D/3D transitions, and drag & drop the transition between photos or videos to give a fancy effect.
DVD Menus
Add static or dynamic DVD menu templates for various occasions such as Baby, Wedding, Christmas…
Home page : http://www.wondershare.com/pro/dvd-slideshow-builder-deluxe.html